#crdဂုဏ်ထူးရမှတ်ပို့ချချက်များ #ခေါင်းလောင်းစာ #ခေတ် အဆက်ဆက် စေတီပုထိုးများတွင် သွန်းလုပ်လှူဒါန်းခဲ့သော သတ္တုခေါင်းလောင်းများ၌ ကုသိုလ်ရှင်၏ #ကမ္ပည်းမှတ်တမ်း ပါရှိတက်သည်။ ယင်းစာများသည်လည်း မူလအရေးအသားများဖြစ်၍ အက္ခရာပုံလေ့လာရာ၌ အသုံးဝင်သည်။
Posts
- Get link
- X
- Other Apps
#ပေစာ၊ #ပုရပိုက်စာ ပေ၊ ပုရပိုက်တို့ကို စာရေး #ကိရိယာအဖြစ် ပုဂံခေတ်ကပင် စတင်အသုံးပြုခဲ့ကြမည်ဟု #ယုံကြည်ရသည်။ သို့သော် နှစ်ကာလအလွန်ကြာညောင်းပြီဖြစ်၍ ထိုခေတ်က ပေ၊ ပုရပိုက်တို့ကို တွေ့နိုင်ရန် မလွယ်ကူတော့ ချေ။ အစောဆုံးအနေနှင့် မြန်မာသက္ကရာဇ် ၁၀၀၀ခန့်(အေဒီ-၁၇ရာစု)က ရေးခဲ့သည့် ပေများကိုမူ တွေ့နိုင်ပေသေး သည်။ ထိုကြောင့် သက္ကရာဇ် ၁၀၀၀ မှ ယနေ့ ၁၃၀၀ ကျော်အထိ နှစ်ပေါင်း (၃၀၀) ကျော်အတွင်း #ရေးသားခဲ့သည့် အက္ခရာတို့၏ #ပုံသဏ္ဍာန်ကို ထိုပေ၊ ပုရပိုက်များတွင်လည်း တွေ့နိုင်သည်။
- Get link
- X
- Other Apps
#crd #မင်စာ ရှေးဂူဘုရားများ #တွင် #အတွင်းဘက် အုတ်နံရံများ၌ မင်ဖြင့် ရေးထားသောစာများရှိတက်သည်။ ဗုဒ္ဓ၀င် ဇာတ်နိပါတ်၊ ပန်းချီ #သရုပ်ဖော်ပုံများနှင့် ဆိုင်သည့် စာတန်းများ၊ မူလကုသိုလ်ရှင်၏ #ဆုတောင်းစာများ #နောက်ထပ် ပြုပြင်မွမ်းမံသူတို့၏ #ဖြည့်စွက်မှတ်တမ်းများ၊ ထိုခေတ်က မွေးဖွားသူတို့၏ #ဇာတာခွင်များ စသည် ကို မင်ဖြင့် #ရေးခဲ့ကြသဖြင့် ထိုစာတို့ကို မင်စာဟုခေါ်သည်။ ပုဂံမြို့ #လောကထိပ်ပန် ဂူဘုရားမှ ဇာတ်ကြီးဆယ်ဖွဲ့မင်စာများမှာ ထင်ရှားကျော်ကြားသည်။ သက္ကရာဇ် #အခိုင်အမာပါသော မင်စာများရှိသကဲ့သို့ #သက္ကရာဇ်မပါသော မင်စာများလည်းရှိသည်။ #ပင်းယ၊ #အင်းဝ၊ #တောင်ငူ၊ #ညောင်ရမ်း၊ #ကုန်းဘောင်ခေတ် တိုင်အောင် မင်စာများကိုတွေ့ရသည်။ ကျောက်စာများနည်းတူ ထိုမင်စာတို့မှလည်း ခေတ်အဆက်ဆက် အက္ခရာ #ပုံသဏ္ဍာန်တို့ကို လေ့လာနိုင်သည်။
- Get link
- X
- Other Apps
#crd #ကျောက်စာ သက္ကရာဇ် အခိုင်းအမာပါရှိသော #တွေ့ရှိရသမျှ မြန်မာကျောက်စာတို့တွင် မြန်မာသက္ကရာဇ် ၄၇၅-ခုခန့် (အေဒီ ၁၁၁၃-ခန့်)၌ ရေးထိုးခဲ့သည့် ရာဇကုမာရ်ကျောက်စာသည် အစောဆုံးပင်ဖြစ်သည်။ ထို့နောက်တွင်မူ ပုဂံခေတ် တစ်ခေတ်လုံးသာမက ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်ထိ အောင် ကျောင်းကန်ဘုရားဒါယကာ၊ ကုသိုလ်ရှင်အချို့သည် မိမိတို့ကောင်းမှုကုသိုလ်နှင့် #စပ်လျဉ်း၍ မော်ကွန်း ကျောက်စာများရေးထိုးထားခဲ့ကြသည်။ #ခေတ်အဆက်ဆက် ရေးထိုးခဲ့သည့် ကျောက်ထွင်း အက္ခရာများကို နှိုင်းယှဉ်လေ့လာခြင်းဖြင့် #ခေတ်အသီးသီး၌ ရေးသားခဲ့ကြသည့် အက္ခရာပုံသဏ္ဍာန်တို့ကို သိနိုင်သည်။
- Get link
- X
- Other Apps
#crd #စဥ့်ကွင်းစာ ပုဂံခေတ်က ဘုရားတည်သော ကုသိုလ်ရှင်အချို့သည် မိမိတို့၏ကောင်းမှု စေတီပုထိုးများကို ၅၅၀-#ဇာတ်နိပါတ် #သရုပ်ဖော် ရုပ်လုံး၊ ရုပ်ကြွအုတ်ချပ်များဖြင့် ပတ်ပတ်လည် စီခြယ်ပူဇော်ခဲ့ကြသည်။ အကွက်တစ်ကွက်တွင် ဇာတ်တစ်ဇာတ်ကျသော်လည်းကောင်း၊ ဇာတ်တစ်ဇာတ်ကို အကွက်များစွာဖြင့်သော် လည်း ၊ ရုပ်ကြွပြုလုပ်ပြီး သက်ဆိုင်ရာ ဇာတ်နိပါတ်၏ #အမည်နှင့် #အမှတ်စဉ်၊ ဇာတ်အညွှန်းများကို #ကမ္မည်း #အက္ခရာ ရေးထိုးထားသည်။ ဤရုပ်ကြွများကို စဥ့်ကွင်းဟုခေါ်သည်။ စဥ့်ကွင်း၌ ရေးထားသည့်စာကို စဥ့်ကွင်းစာဟုခေါ်သည်။ စဥ့်ကွင်းများကို အနော်ရထာမင်း (အေဒီ ၁၀၄၄-၁၀၇၇)မှစ၍ ပုဂံမင်းများ ပြုလုပ်ပူဇော်ခဲ့ကြသည်။ စေတီပုထိုး၏ ကုသိုလ်ရှင်နှင့် သမိုင်းကိုသိလျှင် ထိုစေတီ၌ရှိသည့် စဥ့်ကွင်းစားများ၏ ခုနှစ်သက္ကရာဇ်ကို #တွက်ဆ နိုင်သည်။ #အမဲရောင်စာလုံးများကို ဂရုပြုကျက်မှတ်ပါ
- Get link
- X
- Other Apps
# crd #အုတ် ခွက်စာများ ပုဂံခေတ်က ရှေးမြန်မာတို့သည် #ရွှံ့စေးပြား ပေါ်တွင် ဗုဒ္ဓရုပ်ပွား #ပုံတော်များ #ပုံနှိပ်၍မီးဖုတ်ပြီး အုတ်ခွက်ဘုရားများ ပြုလုပ်ပူဇော်ခဲ့ကြသည်။ အုတ်ခွက်ဘုရားများ၏ အောက်ခြေနှင့်ကျောဘက်တွင် ကုသိုလ်ရှင်၏ ဆုတောင်းစာများပါတက်သည်။ ယင်းစာများသည် #အလွန်ခိုင်လုံသော မူရင်းအရေးအသားများ ဖြစ်ပေသည်။ ပုဂံခေတ် အနော်ရထာမင်း၊ စောလူးမင်းနှင့် ကျန်စစ်သားမင်းတို့ လက်ထက်တွင် အုတ်ခွက်ပြုလုပ်ခြင်းခေတ် စားခဲ့သည်။ အုတ်ခွက်ပြုလုပ်ပူဇော်သူများတွင် အဆိုပါ မင်းတို့ ကိုယ်တိုင်ပါဝင်ခဲ့ကြသည်။ #အမဲရောင်ပေးထားသောစာလုံးများကို #ဂရုပြုမှတ်သားပါ
- Get link
- X
- Other Apps
#မူရင်းအရေးအသားများ မြန်မာအက္ခရာ အရေးအသားကို မြန်မာသက္ကရာဇာ် ၄၀၀-ကျော် (အေဒီ ၁၁ရာစု)မှ စ၍ တွေ့ရှိခဲ့ရသည်။ ထိုအချိန်မှစ၍ ယနေ့အထိ ခေတ်အဆက်ဆက် အသုံးပြုခဲ့သော မြန်မာအက္ခရာတို့သည် နှစ်ကာလကြာလာ သည်နှင့် အမျှ ပုံသဏ္ဍာန်အဆင့်ဆင့် ပြောင်းလဲခဲ့သည်။ ထိုသို့ပြောင်းလဲခဲ့ပုံကို မူရင်းအရေးအသားများကို လေ့လာခြင်းဖြင့် သိနိုင်သည်။ မူရင်းအရေးအသားဆိုသည်မှာ မူလရေးသားခဲ့သည့် အချိန်မှစ၍ ယနေ့တိုင် မူလအတိုင်း တည်ရှိနေသော စာများကိုဆိုလိုသည်။ တစ်နည်းအားဖြင့် တစ်ဆင့် ကူရေးထားခြင်းမဟုတ်သည့် စာများကိုဆိုလိုသည်။ ရှေးခေတ်မူရင်းအရေးအသားများကို ရှေးဟောင်း အုတ်ခွက်စာ၊ စဥ့်ကွင်းစာ၊ ကျောက်စာ၊ မင်စာ၊ ပေစာ၊ ပုရပိုက်စာ၊ ခေါင်းလောင်းစာ စသည်တို့၌တွေ့နိုင်သည်။ မှတ်ရန် တွေ့ရှိခဲ့ရသည် ပုံသဏ္ဍာန် မူရင်းအရေးအသားများကို တည်ရှိနေသော တစ်နည်းအားဖြင့် တစ်ဆင့် စသည်တို့ကို ဂရုပြုမှတ်သားပါ #crd