#crd
#မင်စာ
ရှေးဂူဘုရားများ #တွင် #အတွင်းဘက် အုတ်နံရံများ၌ မင်ဖြင့် ရေးထားသောစာများရှိတက်သည်။
ဗုဒ္ဓ၀င် ဇာတ်နိပါတ်၊ ပန်းချီ #သရုပ်ဖော်ပုံများနှင့် ဆိုင်သည့် စာတန်းများ၊ မူလကုသိုလ်ရှင်၏ #ဆုတောင်းစာများ #နောက်ထပ် ပြုပြင်မွမ်းမံသူတို့၏ #ဖြည့်စွက်မှတ်တမ်းများ၊ ထိုခေတ်က မွေးဖွားသူတို့၏ #ဇာတာခွင်များ စသည် ကို မင်ဖြင့် #ရေးခဲ့ကြသဖြင့် ထိုစာတို့ကို မင်စာဟုခေါ်သည်။
ပုဂံမြို့ #လောကထိပ်ပန် ဂူဘုရားမှ ဇာတ်ကြီးဆယ်ဖွဲ့မင်စာများမှာ ထင်ရှားကျော်ကြားသည်။
သက္ကရာဇ် #အခိုင်အမာပါသော မင်စာများရှိသကဲ့သို့ #သက္ကရာဇ်မပါသော မင်စာများလည်းရှိသည်။
#ပင်းယ၊ #အင်းဝ၊ #တောင်ငူ၊ #ညောင်ရမ်း၊ #ကုန်းဘောင်ခေတ် တိုင်အောင် မင်စာများကိုတွေ့ရသည်။
ကျောက်စာများနည်းတူ ထိုမင်စာတို့မှလည်း ခေတ်အဆက်ဆက် အက္ခရာ #ပုံသဏ္ဍာန်တို့ကို လေ့လာနိုင်သည်။

Comments
Post a Comment