#မူရင်းအရေးအသားများ
မြန်မာအက္ခရာ အရေးအသားကို မြန်မာသက္ကရာဇာ် ၄၀၀-ကျော် (အေဒီ ၁၁ရာစု)မှ စ၍ တွေ့ရှိခဲ့ရသည်။
ထိုအချိန်မှစ၍ ယနေ့အထိ ခေတ်အဆက်ဆက် အသုံးပြုခဲ့သော မြန်မာအက္ခရာတို့သည် နှစ်ကာလကြာလာ သည်နှင့် အမျှ ပုံသဏ္ဍာန်အဆင့်ဆင့် ပြောင်းလဲခဲ့သည်။
ထိုသို့ပြောင်းလဲခဲ့ပုံကို မူရင်းအရေးအသားများကို လေ့လာခြင်းဖြင့် သိနိုင်သည်။
မူရင်းအရေးအသားဆိုသည်မှာ မူလရေးသားခဲ့သည့် အချိန်မှစ၍ ယနေ့တိုင် မူလအတိုင်း တည်ရှိနေသော စာများကိုဆိုလိုသည်။
တစ်နည်းအားဖြင့် တစ်ဆင့် ကူရေးထားခြင်းမဟုတ်သည့် စာများကိုဆိုလိုသည်။
ရှေးခေတ်မူရင်းအရေးအသားများကို ရှေးဟောင်း အုတ်ခွက်စာ၊ စဥ့်ကွင်းစာ၊ ကျောက်စာ၊ မင်စာ၊ ပေစာ၊ ပုရပိုက်စာ၊ ခေါင်းလောင်းစာ စသည်တို့၌တွေ့နိုင်သည်။
မှတ်ရန်
တွေ့ရှိခဲ့ရသည်
ပုံသဏ္ဍာန်
မူရင်းအရေးအသားများကို
တည်ရှိနေသော
တစ်နည်းအားဖြင့် တစ်ဆင့်
စသည်တို့ကို ဂရုပြုမှတ်သားပါ
#crd

Comments
Post a Comment