#crd

#စဥ့်ကွင်းစာ
ပုဂံခေတ်က ဘုရားတည်သော ကုသိုလ်ရှင်အချို့သည် မိမိတို့၏ကောင်းမှု စေတီပုထိုးများကို ၅၅၀-#ဇာတ်နိပါတ် #သရုပ်ဖော် ရုပ်လုံး၊ ရုပ်ကြွအုတ်ချပ်များဖြင့် ပတ်ပတ်လည် စီခြယ်ပူဇော်ခဲ့ကြသည်။

အကွက်တစ်ကွက်တွင် ဇာတ်တစ်ဇာတ်ကျသော်လည်းကောင်း၊ ဇာတ်တစ်ဇာတ်ကို အကွက်များစွာဖြင့်သော် လည်း ၊ ရုပ်ကြွပြုလုပ်ပြီး သက်ဆိုင်ရာ ဇာတ်နိပါတ်၏ #အမည်နှင့် #အမှတ်စဉ်၊ ဇာတ်အညွှန်းများကို #ကမ္မည်း #အက္ခရာ ရေးထိုးထားသည်။

ဤရုပ်ကြွများကို စဥ့်ကွင်းဟုခေါ်သည်။ စဥ့်ကွင်း၌ ရေးထားသည့်စာကို စဥ့်ကွင်းစာဟုခေါ်သည်။

စဥ့်ကွင်းများကို အနော်ရထာမင်း (အေဒီ ၁၀၄၄-၁၀၇၇)မှစ၍ ပုဂံမင်းများ ပြုလုပ်ပူဇော်ခဲ့ကြသည်။

စေတီပုထိုး၏ ကုသိုလ်ရှင်နှင့် သမိုင်းကိုသိလျှင် ထိုစေတီ၌ရှိသည့် စဥ့်ကွင်းစားများ၏ ခုနှစ်သက္ကရာဇ်ကို #တွက်ဆ နိုင်သည်။

#အမဲရောင်စာလုံးများကို ဂရုပြုကျက်မှတ်ပါ

Comments

Popular posts from this blog