# crd
#အုတ် ခွက်စာများ
ပုဂံခေတ်က ရှေးမြန်မာတို့သည် #ရွှံ့စေးပြား ပေါ်တွင် ဗုဒ္ဓရုပ်ပွား #ပုံတော်များ #ပုံနှိပ်၍မီးဖုတ်ပြီး အုတ်ခွက်ဘုရားများ ပြုလုပ်ပူဇော်ခဲ့ကြသည်။
အုတ်ခွက်ဘုရားများ၏ အောက်ခြေနှင့်ကျောဘက်တွင် ကုသိုလ်ရှင်၏ ဆုတောင်းစာများပါတက်သည်။
ယင်းစာများသည် #အလွန်ခိုင်လုံသော မူရင်းအရေးအသားများ ဖြစ်ပေသည်။
ပုဂံခေတ် အနော်ရထာမင်း၊ စောလူးမင်းနှင့် ကျန်စစ်သားမင်းတို့ လက်ထက်တွင် အုတ်ခွက်ပြုလုပ်ခြင်းခေတ် စားခဲ့သည်။
အုတ်ခွက်ပြုလုပ်ပူဇော်သူများတွင် အဆိုပါ မင်းတို့ ကိုယ်တိုင်ပါဝင်ခဲ့ကြသည်။
#အမဲရောင်ပေးထားသောစာလုံးများကို #ဂရုပြုမှတ်သားပါ

Comments
Post a Comment