#ပေစာ၊ #ပုရပိုက်စာ
ပေ၊ ပုရပိုက်တို့ကို စာရေး #ကိရိယာအဖြစ် ပုဂံခေတ်ကပင် စတင်အသုံးပြုခဲ့ကြမည်ဟု #ယုံကြည်ရသည်။
သို့သော် နှစ်ကာလအလွန်ကြာညောင်းပြီဖြစ်၍ ထိုခေတ်က ပေ၊ ပုရပိုက်တို့ကို တွေ့နိုင်ရန် မလွယ်ကူတော့ ချေ။
အစောဆုံးအနေနှင့် မြန်မာသက္ကရာဇ် ၁၀၀၀ခန့်(အေဒီ-၁၇ရာစု)က ရေးခဲ့သည့် ပေများကိုမူ တွေ့နိုင်ပေသေး သည်။
ထိုကြောင့် သက္ကရာဇ် ၁၀၀၀ မှ ယနေ့ ၁၃၀၀ ကျော်အထိ နှစ်ပေါင်း (၃၀၀) ကျော်အတွင်း #ရေးသားခဲ့သည့် အက္ခရာတို့၏ #ပုံသဏ္ဍာန်ကို ထိုပေ၊ ပုရပိုက်များတွင်လည်း တွေ့နိုင်သည်။

Comments
Post a Comment